Sunday, April 17, 2011

မိုးယံထက်က ဝဲပျံဟန်။

(Reposted with Unicode on July 11th, 2024)

မိုးယံထက်က ဝဲပျံဟန်။

 

ကောင်းကင်မှာ ပျံဝဲနေတဲ့ ရွှေစွန်ညိုတွေ၊ ပျံသန်းသွားတဲ့ ငှက်ငယ်တွေရယ် လွှင့်ပျံနေတဲ့ စကကူ စွန်တွေ အခါခါ မြင်ဘူးခဲ့ပေမယ့် ဘယ်လိုရယ်ကြောင့် ဒီကောင်းကင် လေဟာပြင်ထဲ သူတို့ ပျံဝဲ နေနိုင်တာလဲ တခါမှ နက်နက်နောနော မတွေးခဲ့မိပါဘူး။

အထုအထည် မရှိ၊ အပင့်အကာ မလုပ်နိုင်တဲ့ လေဟာပြင်ထဲ သူတို့ ဘယ်လိုများ မိုးမြင့်အထက်မှာ နေနိုင်တာလဲ။ မြေကမဘာပြင်ရဲ့ ဆွဲငင်အားကို ဘယ်လို တုပ အန်တု နိုင်ကြတာလဲ။

အဖိုး မြှောက်ပေးလို့ ဖလန်တောင်ဝှေး တဇလုံ ကုန်အောင် စားလည်း ဇော်ဂျီလို မိုးပေါ် မပျံခဲ့၊

စကောနှစ်ချပ် ခပ်ပြီး စားပွဲပေါ်က ခုန်ချလည်း မြေကြီးပေါ် ခြေစုံကျ၊ ပိုးလိုးပက်လက် လန်ပျံမြဲမို့ ကောင်းကင်ယံပေါ် ပျံဝဲနိုင်သူတွေကို အလွန် အထင်ကြီးခဲ့မိတာ အမှန်ပါ။ 

                    ×                     ×                     ×                     ×                     ×

မမ ... ... ...

ကလေးဘအရွယ် အသက်ငယ်ငယ်၊ အသိဥာဏ်လေး နုနုနယ်နယ်မှာ မေ့လွယ် ပျောက်လွယ်လို့ ဆိုရိုးစကား ရှိခဲ့ပေမယ့် မီးမီး မှတ်မှတ်ရရ မှတ်မိနေတဲ့ အဖြစ်ကလေးတွေ နည်းနည်းပါးပါးတော့ ရှိပါတယ်။ အဲဒီ ရှားရှားပါးပါး မှတ်မိနေတဲ့ နည်းနည်းပါးပါးလေးထဲက အမှတ်ထင်ထင် သတိရနေတာ တခုကတော့ ကျောင်းအားကစားပွဲ တခုပါ။ 

အဲဒီ ကျောင်းအားကစားပွဲမှာလေ၊ မမ မီတာ ၄၀၀ လား၊ မီတာ ၈၀၀ လား၊ င် အပြေး ပြိုင်ခဲ့တယ်။ အားကစားကွင်းကြီးကို တပတ်ပြီး တပတ် ပတ်ပြေးနေတဲ့ မမ၊ ပန်းင်ယင် လက်ခုတ် တီးဘို့ စောင့်ယင်း မီးမီးမှာ ရင် မောလိုက်တာ။ မမ အနောက်က လူတွေ မမအနား ကပ်လာတော့ စိတ် ပူလိုက်တာ။ သူတို့ မမကို ကျော် တက်သွားတော့ မီးမီးလေ မ်းနည်းလိုက်တာ။

ပန်းင်အပြီးမှာ ခြေပစ်လက်ပစ် အားကုန် ပစ်လဲပြီး အသက်ကို ရှိုက်ကြီးတငင် ရှုမောနေတဲ့ မမကို ကြည့်ပြီး မီးမီး မျက်ရည်ကျခဲ့တာ ဘယ်သူမှ မသိ လိုက်ပါဘူး။ အပြေးပြိုင်ပွဲမှာ ပထမလည်း မရ၊ ဒုတိယလည်း မဟုတ်၊ တတိယဆုလည်း မချိတ်ခဲ့တဲ့ မမကို ဖေဖေတို့ မေမေတို့က ဒီတပွဲ ဆု မရ၊ နောက်တပွဲပေါ့ သမီးရာ လို့ နှစ်သိမ့်နေတာ ကြည့်ပြီး မီးမီး ရင်ထဲမှာ ဘာပြော နေခဲ့သလဲ၊ မမ သိသလား။ 

ပန်း င်တဲ့အထိ ပြေးနိုင်ခဲ့တဲ့ မမဟာ မီးမီးအတွက် ချန်ပီယံ ပါပဲ' လို့။

                    ×                     ×                     ×                     ×                     ×

အားကစားမှာသာ ဟန်မကျတာ၊ အနုပညာမှာတော့ မမဟာ ထိပ်ဆုံးကပါပဲ။ သွယ်ပျောင်း ရှည်လျားတဲ့ မမရဲ့လက်ကလေးတွေဟာ အနုပညာလက် အစစ်လို့ လူတွေက ပြောနေကြတော့ တိုတိုတုတ်တုတ် အဆစ်ကြီးမားတဲ့ လက်ပိုင်ရှင် မီးမီး၊ အနုပညာနဲ့ တစက်ကလေးမှ အသုံး မတဲ့တာ ဘာဆန်းသလဲ။ 

ဒါကို လူကြီးတွေက အသုံး မကျဘူး အပြစ်ပြောတော့ မ်းနည်းမိတယ် မမရယ်။ တကယ်ဆို မီးမီးကို ဘယ်လို မွေးပေးခဲ့ဘို့၊ ဘယ်လို ပုံ ထွက်လာဘို့ ဆိုတာ မီးမီးမှာ ရွေးပိုင်ခွင့် မရှိခဲ့တာ လူကြီးတွေ သိပါတယ်။ မိဘက မွေး ထုတ်လိုက်တဲ့၊ မွေး ပေးလိုက်တဲ့ အခြေအနေပေါ်မှာ မီးမီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေတာပါပဲ။ 

ဒါပေမယ့် ... ... ...

ကျောင်းကပွဲတိုင်းမှာ ထိပ်ဆုံးက ပါတဲ့ မမ၊ ကကြိုးကကွက် ကုန်အောင် တတ်ကျွမ်း ကခုန် နေတဲ့ အချိန်မှာ ကဗျာလွတ်အက ပထမ အဆင့်ကိုတောင် ကကွက် ဆုံးအောင် မကတတ်တဲ့ မီးမီးအတွက်က လူကြီးတွေ ပြောလဲ ပြောစရာပါပဲ။

တကယ်လည်း အသုံးမှ မကျပဲကိုး။

                    ×                     ×                     ×                     ×                     ×

မီးမီး မှတ်မိသလောက် မီးမီး ငယ်ငယ်က ကလေးဘဟာ မမကို အားကျခြင်း၊ ငေးမောခြင်း၊ ဂုဏ်ယူခြင်းတွေနဲ့သာ ပြည့်နေခဲ့သလိုပဲ။ 

သမီးလေးက ပိုချောတယ်၊ အငယ်လေးက ပိုလှတယ် လို့ ခဏခဏ အပြော ခံနေရတဲ့ အကြားက သွားစရာ ပွဲလမ်းရှိလို့ ညီအမတတွေ ပြင်ဆင် ထွက်လာကြယင် လူတိုင်းမျက်လုံးက မမဆီ ရောက်နေတာ မီးမီး မျက်မြင်ပါပဲ။ မေမေတို့ ဖေဖေတို့ကအစ ငါ့သမီးကြီးက ပြင်တတ်တယ် ဆိုတော့ သမီးငယ် မီးမီးက မပြင်တတ်၊ မဆင်တတ် ပေါ့။

မီးမီးလေ ... မမလို အတန်းထဲမှာလည်း ပထမနေရာ မရခဲ့ဘူးပါဘူး။ အမှတ် တမှတ်ထည်း ကပ် နည်းပြီး ဒုတိယနေရာ ရခဲ့လို့လည်း မငိုခဲ့ဘူးပါဘူး။ သခင်္ဪာ တပုဒ်ကလေး ရှန်းမိတာနဲ့ အမှတ် တရာပြည့် မရခဲ့လို့ ငိုနေတဲ့ မမကို ကြည့်ပြီး ငါ့လိုများဆို ခက်ရချည်ရဲ့ ခဏခဏ တွေးမိပါရဲ့။ 

အသင်းခေါင်းဆောင်လည်း မလုပ်ဘူး ဘူး၊ အတန်းခေါင်းဆောင်လည်း မဖြစ်ဘူး ဘူး။

လူရည်ချွန် စာမေးပွဲ ဆိုတာတော့ ဝေလာ ဝေး။ ပဏာမ အဆင့်တောင် အရွေး မခံခဲ့ရဘူး ဘူး။

အတန်းပိုင်ဆရာမရဲ့ အချစ်တော်တော့ ဖြစ်ဘူးပါတယ်။ ဘာကြောင့်လည်းဆိုတော့ မမ ညီမ မို့လို့လေ။

အရွယ် ရောက်လာချိန်မှာ မီးမီးကိုယ်ပိုင် ပတ်န်းးကျင်ကပါ နင့်အမက ... နင့်အမက ဆိုပြီး ချီးမွမ်းစကားတွေ မီးမီးကို ကျော်ပြီး ပြောလာတော့ မေမေရယ်၊ သမီးကို ယောကျာ်းလေး အနေနဲ့ မွေးခဲ့ဘို့ ကောင်းတယ်' ပြောမိတယ်။ မေမေ ဘာပြန်ပြောသလဲ သိသလား။ 'သမီးကြီးကို ရပြီးတော့ သမီးကြီးအတွက် တိုးတိုးဖေါ် တိုင်ပင်ဘက် ညီမလေး တယောက် မွေးပေး ချင်လိုက်တာ၊ မေမေ အမြဲတမ်း ဆုတောင်းခဲ့တာ၊ သမီးလေးက မေမေ့ဆုတောင်း ဖြည့်ပေးခဲ့တာပေါ့' တဲ့။

သြော် အဖြည့်ခံလေး တဲ့လား။

မေမေ့ဆုတောင်း ပြည့်အောင် ဖြည့်ပေးလိုက်ရတဲ့ ကိုယ့်အခြေအနေကို ကိုယ့်ဘာသာ ကျေနပ်ရမှာလား။ မမအတွက် တိုးတိုးဖေါ် ကွက်လပ်ကလေး အဖြစ် ဖြည့်ပေးခဲ့ရတဲ့ မီးမီးအတွက် လိုအပ်ချက်တွေ ရှိနေဦးမှာ မေမေ မမြင်နိုင်ခဲ့တာ ဘယ်မှာသွား တိုင်တည် ရမှာလဲ မေမေ။

                    ×                     ×                     ×                     ×                     ×

အပြေးပြိုင်ပွဲမှာ ဆုတောင် မချိတ်ခဲ့ဘူးတဲ့ မမကို နှစ်သိမ့် ချော့မော့ခဲ့တဲ့ ဖေဖေတို့ မေမေတို့ မီးမီး ရေကူးပြိုင်ပွဲမှာ ဒုတိယ ရတော့ ငါ့သမီးလေးကမှ တကယ် တော်တာ။ နှစ်ယောက်ပြိုင်တာ ဒုတိယ ရတယ်တဲ့။

တကယ် င်ပြိုင်ကြသူတွေက နှစ်ယောက်မက မို့လို့ ဖေဖေ နောက်ပြောင် ပြောတာ သိသင့်ရက်နဲ့ မီးမီး ဖေဖေ့ကို စိတ်ကောက်ခဲ့ဘူးပါတယ်။ မမ ကနေတဲ့ ဓါတ်ပုံတွေ၊ အကပြိုင်ပွဲတွေမှာ ရခဲ့တဲ့ ဆုတွေ ရှေ့မှာ အငယ်မ ကတော့ လက်တောင် မချိုးတတ်ဘူး' မေမေ ပြောတော့ မီးမီး ဘင်ခရာအဖွဲ့မှာ ဆက်ဆိုဖုန်း မှုတ်တာ အနုပညာ မဟုတ်ဘူးလား။ လူငယ်ဗဟိုတီးဝိုင်းမှာ လက်ရွေးစင် အရွေး ခံရပြီး နိုင်ငံတော်ဧည့်ခံပွဲတွေမှာ ပါင် ဖျော်ဖြေခဲ့ရတာ အသိအမှတ် ပြုစရာ မဟုတ်ဘူးလား မေမေ့ကို စိတ်ထဲက ခံ ပြောမိပါရဲ့။

အရာရာမှာ မမအရိပ် လွမ်းမိုး ခံနေရသလို ဖြစ်နေခဲ့ရပေမယ့် အမှန် ပြောရယင် မမကို မနာလိုစိတ်တော့ မီးမီး တခါမှ မဖြစ်ခဲ့ဘူး ဘူး။ မမနဲ့ ယှဥ်ပြီး ကိုယ့်ရဲ့ အောင်မြင်မှုတွေ မထင်ပေါ်ခဲ့တာကို မ်းနည်းမိတာပဲ ရှိတယ်။ 

မမရဲ့ ဦးဆောင်မှု၊ လမ်း ပြမှု၊ အကြံ ပေးမှု အနောက်မှာ အသာ လိုက်ယင်း ကိုယ့်စိတ်နဲ့ မတွေ့တဲ့အခါ ကလန်ကဆန် လုပ်၊ ဖြစ်မြောက် အောင်မြင်တော့ ကျေးဇူးတင်ယင်းနဲ့ ဘလမ်း လျှောက်ခဲ့ ကြတယ်လေ။

အလို မကျလို့ မီးမီး ကလန်ကဆန် လုပ်ယင် မမ အမြဲ ပြောခဲ့ဘူးတဲ့ စကား ရှိပါတယ်။ ကိုယ့်ညီမလေးကို အကောင်းဆုံး ဖြစ်စေချင်လို့ စေတနာနဲ့ ပြောတာ၊ သတိ ပေးတာ၊' ဆိုတာလေ။

အခုတော့ နားလည် လာသလိုပါပဲ။

အရွယ်ငယ်စဥ်က မပြိုင်ပဲ မမကို အမြဲ ရှုံးသလို ခံစားနေရချိန်မှာ မမ အမြဲ ပြောခဲ့တဲ့ စကား တခွန်း ရှိတယ်။ ဖြစ်နိုင်ယင် အငယ်ဘကို လိုချင်တယ်၊ နေရာချင်း လဲလို့ ရယင် လဲချင်တယ်' ဆိုတာ။ အဲဒီစကား ကြားရတုန်းက မမ အပို ပြောတယ် ထင်ခဲ့မိတာ၊ အခုမှ အထင်မှား ခဲ့မိမှန်း သိတယ်။ 

'နေရတကာမှာ အရှေ့ဆုံးက နေရတာ၊ အဦးဆုံး လုပ်ရတာ ကောင်းတာ မဟုတ်ဘူး' ဆိုတဲ့ မမရဲ့ စကားလေ။ အရှေ့ဆုံးက ဆိုတာတွေဟာ တခါတလေ အစမ်းသပ် ခံ ဖြစ်ရသလို၊ ယောင်တဝါးဝါးနဲ့ လမ်းမှန်ကို ရှာဖွေ လျှောက်ကြရတာမို့ ကံကောင်းလို့ လမ်းမှန်ကို အမြန် တွေ့ယင် တော်ပါရဲ့၊ မဟုတ်လို့ကတော့ အမှားဒဏ်တွေကို ရင်စည်းခံရတာ အရှေ့က လူတွေပါ။

ရှေ့က သွားသူဟာ ကြုံလိုက်ရတဲ့ သူ့ရဲ့ အမှားတွေကို နောက်လူတွေအတွက် ပြင် ပေး၊ သတိ ပေးယင်း အနောက်ကလူတွေ သူထက် သာသွားတာကို ဂုဏ်ယူသင့်တယ် ပြောခဲ့ဘူးတဲ့ မမ၊ သူ့ သတိပေး စကား၊ လမ်းညွန်မှုတွေကြောင့် မီးမီး အခက်အခဲတွေ ရှောင်လွဲနိုင်တာ သိယင် သူ တွေ့ခဲ့ရတဲ့ အထစ်အငေါ့တွေကို တွေ့ရကြိုး နပ်တယ် ဆိုနေမှာ မီးမီး ယုံပါတယ်။


မမရယ် ...

တကယ်တမ်း ဘကို မမ မပါပဲ တဦးတည်း ရင်ဆိုင်ရချိန်မှာ တချို့လူတွေဟာ မမလို မဟုတ်ကြဘူး။

ကိုယ် မှားခဲ့ဘူးတာကို သတိ ပေးရမယ့် အစား၊ သူများတွေပါ မှားအောင် လမ်းလွဲ ဆွဲခေါ်တတ် ကြတာလဲ တွေ့ရပါရဲ့။

ကိုယ် ဂျောက်ထဲ ကျခဲ့သလို သူများကိုလည်း ဂျောက်ကျ စေချင်သူ တွေလည်း ရှိပါရဲ့။

ကိုယ် အခက်အခဲ တွေ့ရသလို သူများလည်း အခက် တွေ့အောင် ငြိမ်နေသူတွေလည်း ကြုံဘူးပါရဲ့။

လူ့ဘောင်လောကမှာ တဦးတယောက် အဆင်မပြေ ဖြစ်သံ ကြားရယင် ကြိတ် မ်းသာသူတွေ အပြည့်ဆိုတာ သိရချိန်မှာ လူသားချင်း ဗြမမာစိုရ်တရား ထား၊ မေတ္တာပွားကြရမယ့် စိတ်ထားတွေ ဘယ်အချိန်ကများ ဘယ်ကို လွင့်ပါး ကုန်ပါလိမ့် မီးမီး မတွေးတတ်တော့ပါဘူး။ ကိုယ် ဒုက္ခ ရောက်ချိန်မှာ ကြိုတင် သတိ ပေးနိုင်ပါလျက်နဲ့ သတိ မပေးခဲ့သူတွေကို စိတ် ကွက်မိပေမယ့် နောက်လူတွေ ကိုယ့်လို မဖြစ်အောင် သတိ ပေးမိချိန်မှာတော့ ကိုယ့်လုပ်ရပ်ကို ကိုယ်ကျေနပ်ပြီး မမကို လွမ်းရတာ အလွမ်းပြေ သလိုပဲ။

မရင့်ကျက်သေးချိန်မှာတုန်းက အငယ် ဖြစ်ခဲ့ရတဲ့ ဘကို မကျေနပ်ခဲ့ပေမယ့် လူသားအများ စိတ်သဘော သဘာကို သိ နားလည်လာချိန်မှာတော့ အငယ်ဖြစ်ရတာ၊ အထူးသဖြင့် မမလို အမမျိုးရဲ့ ညီမ ဖြစ်ရတာ အလွန် ကံကောင်းပါလား သိလာရပါပြီ။

                    ×                     ×                     ×                     ×                     ×

ဝေဟင်မှာ ဝဲပျံနေတဲ့ ငှက်ကလေးဟာ မိုးထက်အမြင့်ကို မြင့်သည်ထက် မြင့်အောင် ဝဲတက် ပျံနေနိုင်တာ သူကိုယ်တိုင် တောင်ပံ ခတ်နိုင်မှုတင်မက သူ့ရဲ့ အတောင်ပံ အောက်က လေဟုန်ရဲ့ ပင့်တင်မှုကလည်း တခန်း တကဏပါတာ သိကြရဲ့လား မသိဘူး။

မီးမီးရဲ့ဘမှာ အမြဲတမ်း အရှေ့က နေခဲ့တဲ့ မမဟာ ဘရဲ့ အခက်အခဲတွေကို မီးမီး ဖြတ်သန်း ကျော်လွားချိန်တွေမှာ မီးမီးတောင်ပံအောက်က လေဟုန်ပဲဆိုတာ သိလာရချိန်မှာ မီးမီး ပြောချင်တာ တခုပဲ ရှိပါတယ်။

ကျေးဇူးတင်ပါတယ် ... လို့။

 

(ဘဝမှာ တခါမှ မရှိခဲ့ဘူးတဲ့ အမကို ရည်မှန်းယင်း ဤ စာကို ရေးမိပါတယ်။ ချစ်ညီမလေးများ အငယ်ဘကို ကျေနပ်နိုင်ကြပါစေ။) 


အားလုံးကို လေးစားလျက်၊

မာလုစံ
(သြဂုတ် ၁၈ ရက် ၂၀၁၀)

1 comment:

မာလုစံ said...
This comment has been removed by the author.