အသက်လေး နည်းနည်း ထောက်လာတဲ့ ဘဘကြီး သုံးယောက် လမ်း ဖြေးဖြေး လျှောက် လာကြတယ်။
ဘဘ တယောက်က စပြောတယ်။
... ‘သည်နေ့မှ လေကလဲ ပြင်းလိုက်တာနော်။’
နောက် ဘဘ တယောက်က တုန့်ပြန်တယ်။
‘ဟုတ်ပါ့ကွာ၊ လာ အရိပ်အောက် သွားကြမယ်’
(သူ နားထဲ ကြားလိုက်တာက “နေကလဲ ပြင်းလိုက်တာနော်”)
သည်မှာ ကျန်တဲ့ ဘဘက အားပါးတရ ထောက်ခံပြီး သွက်လက်စွာ အရှေ့က ဦးဆောင် သွားပါတော့တယ်။
‘ကောင်းတယ်။ ဟိုလမ်းထောင့်မှာ တဆိုင်ရှိတယ်’
(သူ ကြားလိုက်တာက “လာ အရက် သွားသောက်မယ်” တဲ့။)
(ဘာသာခြား ဟာသကို ဆီလျော်အောင် ပြန်ရေးထားပါတယ်။)

No comments:
Post a Comment