ယခုတလော အချို့အချို့သော ဖတ်နေရတာတွေ တွေ့နေ၊ မြင်နေ၊ ကြားနေရတာတွေက ခေါင်းစားစရာတွေ များပါတယ်။ကျွန်မရဲ့ ဖြုတ်သာသာ ဦးနှောက်နဲ့လည်း တွေးလို့ မမီ။
ဘာတွေ ဖြစ်နေ၊ ပျက်နေတာလဲ။
ဘာကြောင့် သည်လို တွေးနေ၊ ထင်နေကြတာလဲ။
ဘာဖြစ်လို့ ဒါတွေ ပြောနေ၊ ရေးနေ ကြတာလဲ။ ... လဲ၊ ... လဲ၊ ... လဲ၊ ... ... ... ဆိုတာ။
ပြောခဲ့ပြီးသလိုပဲ၊ အတွေးကမမီတော့ အဖြေက မရ။ မတွေးပဲကလည်း မနေနိုင်။ မနေနိုင်ဆို နေရာတကာ တွေ့နေရ၊ မြင်နေရ၊ ဖတ်နေရ တာကိုး။ တခါတလေဆို ငိုတောင် ငိုချင်တယ်။ ကိုယ် ဉာဏ်မမီ နိုင်တာကို အားမရ လို့ပါ။
ငယ်ငယ်ကလိုသာ ဆိုယင် – ကဲ ဟယ်၊ သည်လောက်တောင် ရှိလှတာ။ အများနဲ့ ဒိုးတူဘောင်ဖက် အေးအတူ ပူအမျှ ညှိညှိ နှိုင်းနှိုင်း လက်မတွဲချင်လဲ နေ၊ ရတယ်။ သွားချင်ရာသွား၊ သွားတော့ဟယ် ... ဆိုပြီး အဆီးအတားမရှိ လွှတ်လိုက်ပါတယ်။
ငယ်ငယ်ကလို ဆိုလို့ ကြုံကြိုက်တုန်း ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ကဗျာလေး တပုဒ် အကြောင်း ပြောချင်တယ်။
ထုံးစံအတိုင်း လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာ၊ မူလတန်းအရွယ်က သင်ခဲ့၊ မှတ်ခဲ့တာလေးမို့ မှားနေ၊ လွဲနေတာတွေကို သိသူများ ပြင်ပေးဘို့ ဖိတ်ခေါ်ပါတယ်။
“သူသူငါ ဖြတ်ကူးတဲ့၊ ရွာဦးက တံတားအို၊ ညွတ်ယိုင်လို့ ပြို။
လူ ထိုထို၊ ပြင်မလိုနဲ့ ရှောင်လွဲ၊
မပျက် ပါဘူးရယ်နဲ့၊ မခက် ပါဘူး ရယ်နဲ့၊
ကူးဖြတ်ကြ သည် အတိုင်းသာ၊ ဆိုင်း ကြသည်ပဲ။
တံတားပေါ် ချော်ကာကျ၊ မောင်သာဝ သားလေးဟာ၊ ခြေကျိုးရရှာ။
လူတကာ အပူရှာလို့ ဘယ် မမှု။
တံတားအို၊ သည် အတိုင်းသာ၊ ယိုပြိုင်း ပြိုလု။
ဟိုတနေ့က ကိုဘအေး၊ နွားလှည်းလေး မောင်းလို့လာ၊ တံတားအို အထက်မှာ။
ရုတ်တရက် မခံသာ၊ ပြိုကာဖြင့် ကျပါရော၊
နွားလှည်းပေါ် ထိုင်လာတဲ့၊ ဘုရားတကာ ဦးရွှေခ၊ သေရပါရော။
တံတားအို ပြိုကာပျက်၊ အသက်လည်း ဆုံးခဲ့သည်၊ နောင်တရပြီ။
လာ ကြဟေ့ ညီညီ၊ ပြင်မည်ပ တို့ရွာသား၊
(တံတားအို ပြင်ကာ ဆောက်တယ် သွေးသောက်စိတ်ထား။)”
သည့်ထက် ရှေ့တိုး ဆက် သတိမရတော့ပါဘူး။ နောက်ဆုံး စာကြောင်းလေးကလည်း မသေချာပါဘူး။ မှတ်မိတဲ့စာသားလေးတွေက ဝိုးတိုးဝါးတားနဲ့ မရေရာမို့လို့ နဂို ကဗျာအရသာ မပျက်စေချင်လို့ မသေချာ တာ မရေးတော့ပါဘူး။
အထက်က သတိ ရသလောက် ရေးလိုက်မိတာကိုလည်း မှားနေယင် အမှန်သိသူများ ပြင်ပေးစေချင်ပါတယ်။ ကဗျာကတော့ ဆရာ ဇော်ဂျီလား၊ မင်းသုဝဏ်လား၊ မင်းယုဝေလား၊ သိသူများ အမည် ဖေါ်ပေးလျှင် အထူး ကျေးဇူးတင်မိမှာပါ။ စာကောင်း ပိုင်ရှင်ကို ဂုဏ်ပြုချင်လို့ပါ။
တကယ်တော့ ရွာ အရှေ့ခြမ်းရော၊ အနောက်ခြမ်းရော၊ တောင်ပိုင်း မြောက်ပိုင်း တင်မက အလယ်ပိုင်း နေသူများပါ သည် တံတားအိုကို ပြင်ဘို့ တာဝန်ရှိခဲ့ကြတာပါ။ ငါက အရှေ့ကုန်းသားမို့၊ သူက အနောက်ခြမ်းကမို့၊ သူတို့ကတော့ တောင်ပိုင်းသား၊ တို့တတွေကတော့ မြောက်ဘက်ကုန်းက ဆိုပြီး နယ်မြေတွေ အစွဲထား အလုပ်ကို မကန့်သတ်သင့်ပါဘူး။
တမြေထဲနေကြ၊ တရေထဲ သောက်ကြပြီး သည်တံတားကို အတူတူ ဖြတ်သန်း အသုံးပြုနေသူတွေ အယင်ကတည်းက စည်းလုံးခဲ့ယင် ... ... မောင်သာဝ သားလေးလည်း ခြေမကျိုးသင့်သလို၊ ဦးရွှေခလည်း မသေသင့်ပါဘူး။
ကဗျာထဲမှာ မပါပေမယ့် ကိုဘအေး လည်း နွားလှည်း ပျက်ဆီးသွားမယ့်အပြင် သူ့နွားတွေကော အန္တရာယ်မှ ကင်းရဲ့လား၊ စိုးရိမ်မိသေးရဲ့။
တံတားကိုလည်း အတူဝိုင်းပြင်သလို၊ တံတားအောက်က မြစ်လား၊ ချောင်းလား၊ သူလည်း ရေမတိမ်ပါစေနဲ့လို့။
မဟုတ်ယင် တရွာလုံး ရေတိမ် နစ်ကုန်မှာ စိုးလို့ပါ။
လေးစားစွာဖြင့် -မာလုစံသြဂုတ်လ ၁၉ ရက် ၂ဝ၁၁
ကျွန်မရဲ့ ဖြုတ်သာသာ ဦးနှောက်နဲ့လည်း တွေးလို့ မမီ။

No comments:
Post a Comment